Skip to main content
x

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများ (SOP) ရေးဆွဲရေး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) ၏ တည်မြဲလုပ်ထုံးလုပ်နည်းများ (SOP) ရေးဆွဲရေးနှင့် စပ်လျဉ်းသော ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ (CPU) အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် (CPU) အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ် (၆) ရပ်တွင် ပါဝင်သော စံလုပ်ငန်းသတ်မှတ်ချက် (Standing Operating Procedures-SOP) ရေးဆွဲရေးအတွက် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ သုံးသပ်အကဲဖြတ်မှု (Corruption Risk Assessment-CRA) လုပ်ငန်းဆောင်ရွက်နေမှုများ၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme–PFP)ကို အသုံးပြုဆောင်ရွက်လျက်ရှိသော လုပ်ငန်းရပ်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။