Skip to main content
x

လယ်ယာစီးပွားသတင်းစာစောင် စာဖတ်သူပရိတ်သတ်အား လေးစားစွာ အသိပေးခြင်း

  • လယ်ယာစီးပွား သတင်းစာစောင်အား လက်ရှိ (Printed Journal) အဖြစ် ထုတ်ဝေလျက်ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒစ်ဂျစ်တယ်သတင်းစာစောင်အဖြစ် ပြောင်းလဲမည် ဖြစ်ပါကြောင်း စာဖတ်သူ ပရိတ်သတ်အပေါင်းအား လေးစားစွာ အသိပေးအပ်ပါသည်။
  • ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်ဝေခြင်းဖြင့် လယ်ယာကဏ္ဍဆိုင်ရာ သတင်း/ဆောင်းပါးများကို လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံးက လယ်ယာစီးပွားသတင်း Website (www.agribiznewscom.mm) တွင် လည်းကောင်း၊ မိမိတို့လက်ကိုင်ဖုန်းမှတစ်ဆင့် App ဖြင့်လည်းကောင်း ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
  • ဒစ်ဂျစ်တယ်စာစောင်၏ ပုံမှန်သတင်းများအား ဖုန်း Application (agribiznews) ကို Play Store မှ Download ပြုလုပ်၍ ဖတ်ရှုနိုင်မည်ဖြစ်ပြီး လယ်ယာဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုမူ User အဖြစ် Sign Up ပြုလုပ်မှသာ ဝင်ရောက်ဖတ်ရှုနိုင်ရန် စီစဉ်ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။