Skip to main content
x

တိုင်းဒေသကြီးပြည်နယ်များတွင်စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဘက်၍စီးပွားဖြစ်လုပ်ကိုင်နိုင်ရေးအားပေးကူညီသွားမည်

နေပြည်တော် ဇွန် ၁၅

တိုင်းဒေသကြီး/ပြည်နယ်များရှိရေမြေအခြေအနေနှင့်ဆီလျော်သည့်ဒေသများတွင်လည်းအလားတူမွေးမြူရေးဇုန်များဖော်ထုတ်လုပ်ကိုင်နိုင်ရေးကိုအားပေးကူညီသွားမည်ဖြစ်ကြောင်း၊လွှတ်ကျောင်းမွေးမြူရေးစနစ်မှစိုက်ပျိုးထုတ်လုပ်ပြီးမွေးမြူသည့်စနစ်သို့ကူးပြောင်းဆောင်ရွက်ရန်တိရစ္ဆာန်အစားအစာပင်များလိုအပ်ကြောင်းဇွန်လ၁၃ရက်နေ့ကပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ဌာနဆိုင် ရာများ၊ ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦးက ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကလုပ်ငန်းရှင် (၅၀)ကျော်ဖြင့်စုဖွဲ့ဆောင်ရွက် နေသော ပေါင်းတည်မြို့နတ်မော်ကျေးရွာရှိတိုင်းရင်းကြက်မွေးမြူရေးခြံ၌အစုအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဲကုန်းမြို့အောင်နိုင်သစ္စာကုမ္ပဏီများအုပ်စု၏ အဆင့်မြင့်ဆန်စက်နှင့်ပေါင်းတည်မြို့ပြည့်စုံအောင်မြင်အဆင့်မြင့်စပါးပေါင်းခံဆန်စက်များတွင်အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်နေကြသောဆန်စက်လုပ်ငန်းရှင်များ၊ဒေသနေတောင်သူများနှင့်တွေ့ဆုံဆွေးနွေးသည်။

အကြံပြုဆွေးနွေး

ထို့ပြင်ပြည်မြို့လယ်ယာထွက်ကုန် ပစ္စည်းလက္ကားရောင်းဝယ်ရေး သမဝါယမအသင်းအမှတ် (၃)လီမိတက်၏ ခေတ်မီပျိုးဗန်းဖြင့်မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ သဲကုန်းမြို့နယ်ချမ်းမြေ့ ငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ငါးမြစ်ချင်း၊ငါးကြင်း၊ငါးခေါင်းပွငါးများထုတ်လုပ်မှုတို့ကိုလည်းကောင်းကြည့်ရှုအားပေးပြီးလိုအပ်ချက်များအကြံပြုဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်သာယာဝတီစိုက်ပျိုးရေးသိပ္ပံကျောင်းပြန်လည်ဖွင့်လှစ်နေမှုနှင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊မွေးမြူရေးဒီပလိုမာသင်တန်းဖွင့်လှစ်ရေးအတွက်ဆောင်ရွက်ရန်လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးကာလိုအပ်ချက်များဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။