Skip to main content
x

ကျိုင်းတုံမြို့နယ်၌ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကွင်းဆင်းစစ်ဆေး

ကျိုင်းတုံဇွန်၁၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံခရိုင်၊ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလွယ်မွေအုပ်စု၊နောင်ချိုကျေးရွာတွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၅၀ရာခိုင်နှုန်းဖြင့်ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးရဲခေါင်နှင့်ဝန်ထမ်းများကကျေးရွာကော်မတီဝင်များနှင့်အတူဇွန်၁၄ရက်တွင်ကွင်းဆင်းကြည့်ရှုကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးရဲခေါင်နှင့်ဝန်ထမ်းများကနောင်ချိုကျေးရွာတွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၅၀ရာခိုင်နှုန်းမှခွင့်ပြုငွေကျပ်ငါးသန်း၊ပြည်သူထည့်ဝင်ငွေကျပ်၃ဒသမ၂၇သန်းစုစုပေါင်းကုန်ကျငွေကျပ်၈ဒသမ၂၇သန်းဖြင့်ကျေးရွာကွန်ကရစ်လမ်းပေ၃၅၀၊၁၀ပေ၊ခြောက်လက်မခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုစစ်ဆေးခဲ့ပြီးကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာလိုအပ်သည်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်ထိစုစုပေါင်း၇၆ယူနစ်၊ကျေးရွာ၁၅၆ရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးရဲခေါင်ထံမှသိရသည်