Skip to main content
x

လပွတ္တာမြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)စနစ်နှင့်အညီ ကဏန်းပျော့မွေးမြူထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

လပွတ္တာ မတ် ၁၄

ဧရာဝတီတိုင်း​ဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့်အညီ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းသည်  မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းဝင်း​နှင့် အဖွဲ့လိုက်ပါ လျက် လပွတ္တာမြို့နယ်၊​ ကျောက်ဖြူ​ကျေးရွာရှိ Texchem Marine Labutta Limited ကဏန်းပျော့မွေးကန်၏ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)စနစ်နှင့်အညီ ​မွေးမြူထားရှိမှုအခြေအနေများအား မတ် လ ၁၄ ရက်​နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ခရိုင်းဦးစီးမှူးနှင့် အဖွဲ့အား Texchem Marine Labutta Limited တာဝန်ရှိသူမှ ကဏန်း ပျော့များအား ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)စနစ်နှင့်အညီ ​မွေးမြူထား ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ခရိုင်ဦးစီးမှူးမှ  ရေထွက်ပစ္စည်း အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရန် ရှောင်ရန်များနှင့် သေချာစနစ်ကျစွာ ဆောင်ရွက်နိုင်ရေးအား လမ်းညွှန်မှာကြားပြီး မွေးမြူထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုသည်။ အဆိုပါ ကုမ္ပဏီမှ တစ်နှစ်လျှင် ကဏန်း​ပျော့တန်ချိန်(၈၀)ခန့်ကို ထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများသို တင်ပို့ ​ရောင်းချလျက်ရှိ ကြောင်း သိရသည်။