Skip to main content
x

သုတေသနပင်မစီမံချက် (Myanmar Agricultural Research Master (ARM) Plan) လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

သုတေသနပင်မစီမံချက် (ARM Plan) လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့၊ မွန်းလွဲ (၂:၃၀)နာရီအချိန်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာစုစုဝင်းနှင့် သက်ဆိုင်ရာပညာရှင်များတက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ယခုအစည်းအဝေးသည် သုတေသန အစီအစဉ်များ ကို ထည့်သွင်းချမှတ်သွားမည့် Agricultural Research Master Plan ရေးဆွဲနိုင်ရန် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ စီမံကိန်းကို ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ မှစတင်၍ ရေးဆွဲ အကောင်အထည်ဖော် ခဲ့ပြီး ကြားကာလများတွင် ကမ္ဘာ့ကပ်ရောဂါ (COVID-19) ရောဂါကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင်များ အားလုံးဝိုင်းဝန်းကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် သုတေသနပင်မစီမံချက် (Myanmar Agricultural Research Master (ARM) Plan) ကို (၂၀၄၀ ခုနှစ်)အထိ မျှော်မှန်း၍ ရေးဆွဲနိုင်ရန်အတွက် မူကြမ်း ရေးဆွဲ ခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။