Skip to main content
x

ရေဘေးဒဏ်ခံစားခဲ့ရသော မွေးမြူရေးလုပ်ငန်းများအတွက် အလှူရှင်များက အလှူငွေ၊ အစာနှင့် ဆေးဝါးများ လှူဒါန်း

ရေဘေးဒဏ်ခံစားခဲ့ရသော မွေးမြူရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၃၆)၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထို့နောက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၂၀၀၀ နှင့် ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ တိရစ္ဆာန်အစာများ၊ မြန်မာဆန်းသီရိကုမ္ပဏီမှ ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ တိရစ္ဆာန်ကုသဆေး ၁၈ မျိုး၊ Fortune International Limited မှ ငွေကျပ် ၃၈၇ ဒသမ ၈ သိန်း တန်ဖိုးရှိ တိရစ္ဆာန်ဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဗဟိုသဘာဝဘေးဒဏ်စီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။