Skip to main content
x

သနပ်ပင်မြို့နယ် သိမ်ရိုးသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်း

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သနပ်ပင်မြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ ရွှေဟင်္သာရပ်ကွက် သိမ်ရိုးသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို (၈.၇.၂၀၂၁)ရက် နေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌ ဦးသိန်းမြင့်အေးနှင့် ကော်မတီဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ သနပ်ပင်ငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး၊ ၂ လက်မ အရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ(၁၃၀၀၀၀)ကောင်နှင့် ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၁၅၀၀၀၀)ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၈၀၀၀၀)ကောင်အား ငါးမျိုးစိုက်ထည့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။