Skip to main content
x

လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်းဖွင့်လှစ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊  စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅)အလတ်စားစက်ပြင် အလုပ်ရုံ၊ မအူပင်မြို့တွင် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူ သင်တန်း အမှတ်စဉ်(၁/၂၀၂၀-၂၀၂၁)ကို (၁.၇.၂၀၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် အဆိုပါ အလတ်စားစက်ပြင်အလုပ်ရုံ၌ ဖွင့်လှစ်ပါသည်။

သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) အမှတ်(၅)အလတ်စား စက်ပြင် အလုပ်ရုံ၊ စက်ရုံမှူးမှ တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။ သင်တန်းကို တောင်သူသင်တန်းသား(၃၀)ဦးဖြင့် (၁.၇.၂၀၂၁)ရက်နေ့မှ (၂၈.၇.၂၀၂၁)ရက်နေ့ထိ COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။