Skip to main content
x

ဗန်းမော်မြို့ ဂေါ်ရာကန်အတွင်း ငါးကောင်ရေ လေးသောင်း မျိုးစိုက်ထည့်

ကချင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံးနိုင်ရေးနှင့် ငါသယံဇာတများရေရှည်ပွားများ စေရေးအတွက် ဗန်းမော်မြို့ ဂေါ်ရာကန်အတွင်း ငါးသားပေါက်များ မျိုးစိုက်ထည့်ခြင်း အခမ်း အနားကို(၉.၇.၂၀၂၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင် များ၊ ခရိုင်အဆင့်ငါမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ငါး လုပ်ငန်းဦးစီးမှူး ဦးမြသိန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနဲ့ အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါ်ရာကန်အတွင်း သို့ ဗန်းမော်ငါးလုပ်ငန်းစခန်းမှ (၂) လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀၀၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ ၁၀၀၀၀၊ စုစုပေါင်းငါးကောင်ရေ(၄၀၀၀၀)အား မျိုးစိုက်ထည့်ခဲ့ ပေးကြောင်း သိရသည်။