Skip to main content
x

ပွင့်ဖြူမြို့နယ်၊ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ   ဇူလိုင်    ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ပေါက်ကုန်း ကျေးရွာနှင့်သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာများတွင် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်း ချေးငွေများဖြင့် လုပ်ငန်းများအမှန်တကယ် လည်ပတ်ဆောင်ရွက်မှုရှိ/မရှိနှင့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် ခရိုင်တာဝန်ခံ/မြို့နယ်ဦးစီးဌာနမှူးတို့မှ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်ရွှေ၊ မင်းဘူးခရိုင်တာဝန်ခံ/မြို့နယ်ဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများသည် ပေါက်ကုန်းကျေးရွာမြစိမ်းရောင်(ငါးကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ နှင့်တွေ့ဆုံ၍ ဆဌမအကြိမ် ထုတ်ချေးထားသော ရေလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦး၊ စိုက်ပျိုးရေး လုပ်ကိုင်သူ (၄၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၃)ဦး၊ ဈေးရောင်းသူ(၂)ဦး စုစုပေါင်း (၈၉)ဦးတို့အား ချေးငွေများဖြင့် အမှန်တကယ်လည်ပတ်ဆောင်ရွက်မှုရှိ/မရှိနှင့် အတိုးရငွေ (၅၀%)အနက် ကျပ် သိန်း(၉၀)ဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာ လျှပ်စစ်မီးလင်းရေး အတွက် 400 V Line တည်ဆောက်မည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ သိမ်ကုန်းကျေးရွာမြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ဆဌမ အကြိမ်ထုတ်ချေးထားသော ရေလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး၊ စိုက်ပျိုးရေးလုပ်ကိုင်သူ(၄၀)ဦး၊ မွေးမြူ ရေးလုပ်ကိုင်သူ(၆၆)ဦး၊ ဈေးရောင်းသူ (၂)ဦး စုစုပေါင်း (၁၃၃)ဦးတို့အား ချေးငွေများဖြင့် အမှန် တကယ်လည်ပတ်ဆောင်ရွက်မှုရှိ/မရှိနှင့် အတိုးရငွေ (၅၀%) အနက် ကျပ်သိန်း(၅၀)ဖြင့် ဆောင် ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော ကျေးရွာချင်းဆက်လမ်း မြေနီ ကျောက်စရစ်ခင်း ခြင်း ဆောင်ရွက်ထားရှိမှုအား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။