(၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၅
(၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များအကြောင်းခေါင်းစဉ်ဖြင့် ကျင်းပသည်။
ပြောကြား
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အချိန်နှင့်ငွေကြေး အကုန်အကျခံကာ သုတေသနပြုဆောင်ရွက်ထားရှိသော စပါးမျိုးသစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန ပညာပေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်များ၊ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး သည်။
ယနေ့ကျင်းပသည့် (၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေးပညာရှင်များ၊ လယ်ဝေးမြို့နယ်မှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက Zoom point ၆၈ point မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်