Skip to main content
x

စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာပေးဗီဒီယိုများ ထုတ်လုပ်၍ တောင်သူလယ်သမားများနှင့် အများပြည်သူစိတ်ဝင်စားမှုရှိစေရန် ထိထိရောက်ရောက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

နေပြည်တော် ဇန်နဝါရီ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာပေးဗီဒီယိုများ ထုတ်လုပ်၍ တောင်သူလယ်သမားများနှင့် အများပြည်သူစိတ်ဝင်စားမှုရှိစေရန် ထိထိရောက်ရောက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင်များအကြား၊ မွေးမြူရေးနှင့် မွေးမြူရေးပညာရှင်များ၊ ငါးမွေးမြူထုတ်လုပ်သူများနှင့် ငါးမွေးမြူရေးပညာရှင်များအကြား ကွက်လပ်ကျန်မရှိစေရေး ထိရောက်စွာ နည်းပညာမျှပေးရန်၊ သင်ကြားလမ်းညွှန်မှုဆိုင်ရာ ဗီဒီယိုရိုက်ကူးထုတ်လုပ်၍ မီဒီယာပလက်ဖောင်းအသီးသီးမှ စိုက်ပျိုးမွေးမြူရေးကဏ္ဍကွင်းဆက်တစ်လျှောက် ပါဝင်ကြသည့် State Holder များ၊ တောင်သူလယ်သမားများကို အသိပညာပေးဆောင်ရွက်နိုင်ကြရေး အိတ်သွန်ဖာမှောက် ကြိုးစားလုပ်ဆောင်ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြားထားသည်။

ယနေ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏“သင်ကြားလမ်းညွှန်မှု ဗီဒီယို(Instructional Video) ရိုက်ကူးထုတ်လုပ်နည်း” သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းတွင် နည်းပညာပေးဗီဒီယိုရိုက်ကူးထုတ်လုပ်ခြင်းနှင့် ကင်မရာအသုံးပြုနည်း၊ ဒစ်ဂျစ်တယ်ဗီဒီယိုတည်းဖြတ်ခြင်း နည်းပညာ၊ နောက်ခံစကားပြောခြင်းနှင့် တင်ဆက်သူ၏ အခန်းကဏ္ဍ၊ အွန်လိုင်းတွင် လွှင့်တင်ခြင်း၊ လက်တွေ့ဇာတ်ညွှန်းရေးခြင်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။