Skip to main content
x

ခရမ်းမြို့နယ် ခရမ်းချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ခရမ်းချောင်းသဘာဝရေပြင်အတွင်းငါးမျိုး စိုက်ထည့် ခြင်းအခမ်းအနားကို (၁၂-၇-၂၀၂၁)ရက်နေ့ နံနက်(၀၈:၀၀)နာရီ အချိန်၌ ခရမ်းချောင်း အနောက် ဆိပ်ကမ်းတွင်ကျင်းပခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ တောင်ပိုင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ လှော်ကားငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးရဲထွန်းနိုင်၊ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်သင်းသင်းခိုင်နှင့်ဝန်ထမ်းများ ခရမ်းမြို့နယ်ငါးဦးစီးမှူး ဦးမျိုးတင့်နှင့်ဝန်ထမ်းများ၊ မြို့နယ် ငါးမျိုးစိုက်ခြင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြပြီး လှော်ကားငါးလုပ်ငန်း စခန်းမှ(၂)လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက် (၃)သိန်း၊ လေးထောင့်ကန်ငါးလုပ်ငန်း စခန်းမှ (၂)လက်မအရွယ် ငါးမြစ်ချင်းငါး သားပေါက်ကောင်ရေ (၃)သိန်း၊ စုစုပေါင်း(၂)လက်မ အရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၆)သိန်းအားမျိုးစိုက် ထည့်ခဲ့ကြောင်း သိရသည်။