Skip to main content
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဇေယျာသီရိမြို့နယ်၌ ဖော်ထုတ်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေတွင် မျိုးစေ့ချကိရိယာအသုံးပြု၍ နွေစပါးစတင်စိုက်ပျိုးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်း ကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည့် မူလလယ်မြေ ၂၇၇ ဒသမ ၄၇ ဧက၌ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်းစီမံကိန်းသို့ ကွင်းဆင်းပြီး စပါးစိုက်တောင်သူများ မျိုးစေ့ချကိရိယာအသုံးပြု၍ နွေစပါးစိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဝိုင်းဝန်းကူညီဆောင်ရွက်

ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ရေသွင်းမြောင်းရေနုတ်မြောင်းများ ရေစီးရေလာမှန်ကန်ရေး၊ စနစ်ကျလယ်မြေဖော်ထုတ်ပြီးစီးမှု ဧရိယာအလိုက် နွေစပါးစိုက်ပျိုးခြင်းအတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်နှင့် စနစ်ကျလယ်မြေ ထပ်မံတိုးချဲ့ဖော်ထုတ်ခြင်းကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ဆွေးနွေး မှာကြားသည်။

ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တပ်အုပ်စု သပြေပင်ကျေးရွာရှိ TBL Limited ၏ TBL-KTK ချည်မျှင်ရှည်ဝါစပ်မျိုး မျို့စေ့ထုတ်စိုက်ခင်းကို ကြည့်ရှုအားပေးပြီး ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးစေ့များ ဝါစိုက်တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရေးအတွက်ဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

နွေစပါးစတင်စိုက်ပျိုး

 ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဆုံ၊ အရှေ့မြောက်ဘက်ခြမ်း အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်းကျေးရွာအုပ်စုများမှ တောင်သူ ၁၀၈ ဦး ပိုင်ဆိုင်သည့် မူလလယ်မြေ ၂၇၇ ဒသမ ၄၇ ဧကတွင် ရေပေးမြောင်းအလျား၊ ရေနုတ်မြောင်း၊ ရေဆင်းပြွန်အဆောက်အအုံ၊ ကုန်ထုတ်လမ်းပါဝင်သော စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ပြန်လည်ခွဲဝေဧရိယာ ၂၅၃ ဒသမ ၇၅ ဧက၌ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးသည့် ဧရိယာဧက ၁၀၀ တွင် ဧက ၈၀ ကို နရဘန်ချောင်း ယာယီချောင်းပိတ်ဆည်ရေဖြင့် ရေပေးသွင်းထားပြီးဖြစ်ကာ ဧက ၂၀ တွင် မျိုးစေ့ချကိရိယာအသုံးပြု၍ နွေစပါးစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်