Skip to main content
x

လက်ပံတန်းမြို့နယ် သဲကောဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရေး၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေရေးနှင့် ဒေသနေပြည်သူများ ငါးစားသုံးမှုနှုန်း မြင့်မားစေရေးတို့ အတွက် မြစ်ချောင်းများ သဘာ၀ရေပြင်များနှင့် ဆည်တမံရေလှောင်ကန်များအတွင်းသို့ နှစ်စဉ်ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဩဂုတ် ၃ရက်တွင် လက်ပံတန်း မြို့နယ် သဲကောဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သာယာ၀တီခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်း၊ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့၀င်များ၊ လက်ပံတန်း မြို့နယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးရှိန်နှင့် ကော်မတီ၀င် များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းလွင်နှင့် ၀န်ထမ်းများ၊ အုတ်ဖို ငါးလုပ်ငန်း စခန်း တာ၀န်ခံ ဒေါ်မိုးသီတာနှင့် ၀န်ထမ်းများမှ ၂ လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၇၀၀၀၀ နှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၁၂၀၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။