Skip to main content
x

ငါးများကို ရေပေါ်လှောင်အိမ်စနစ်ဖြင့် စမ်းသပ်သရုပ်ပြမွေးမြူ

နေပြည်တော် စက်တင်ဘာ ၁၉

 

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်သည် တာဝန်ရှိသူများလိုက်ပါလျှက် လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံသို့ ယနေ့နံနက် ၈နာရီတွင် ရောက်ရှိပြီး ရေပေါ် ငါးမွေးလှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းကို သရုပ်ပြမွေးမြူခြင်းဆောင်ရွက်နိုင်ရန် အတွက် သဘာဝနှင့်ကိုက်ညီသည့် ငါးသားပေါက်များအား ရေပေါ်လှောင်အိမ်အတွင်းသို့ မျိုးစိုက် ထည့်ပေးခဲ့သည်။

နေပြည်​တော်ကောင်စီနယ်​မြေတွင် ငါးမွေးမြူရေးလုပ်ငန်းရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာစေ ရန်၊  ဒေသတွင်းငါးထုတ်လုပ်မှုတိုးတက်ပြီး ငါးဈေးနှုန်းများတည်ငြိမ်စေရန်၊ ကျေးလက်နေပြည်သူ များ ဝင်ငွေတိုးစေရန်၊ ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သောငါးများကို လူတိုင်းလုံလောက် စွာ စားသုံးလာနိုင်ကြစေရန်၊ ရေလှောင်ကန်များ၊ ရေကန်ကြီးများအတွင်းတွင် ပိုက်လှောင်အိမ်စနစ် ဖြင့် ငါးမွေးရာတွင်မြေကန်တူးမွေးခြင်းကိစ္စများကဲ့သို့ ကုန်ကျစရိတ်ကြီးမားစွာဖြင့် ဆောင်ရွက်ရန် မလိုအပ်ဘဲ စရိတ်သက်သာစွာဖြင့် ငါးမွေးမြူထုတ်လုပ်လာနိုင်စေရန်နှင့် ရေအရည်အသွေးကောင်း မွန်သော ရေပြင်ကျယ်များမှ နေရာကျဉ်းကျဉ်းဖြင့် ငါးရိက္ခာပိုမိုထုတ်လုပ်လာနိုင်ကြစေရန်ရည်ရွယ်၍

ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ငါးမွေးမြူဖြစ်ထွန်းမှု နည်းပညာများကို ဒေသခံများအား ပညာပေး ဖြန့်ဝေခြင်းနှင့် လုပ်ငန်းရှင်များဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံနိုင်ရေး စည်းရုံးဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်ထံ မှ သိရသည်။