Skip to main content
x

စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များရှိ ဂရန်အင်းများအတွင်း စုပေါင်း အင်းငါးမျိုးစိုက်ထည့်

စဉ့်ကူး စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ စဉ့်ကူး မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များရှိ ဂရန်အင်းများ၏ စုပေါင်းငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားအား ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် စဉ့်ကူးမြို့ ကုက္ကိုလ်ပင်ဆိပ်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်သန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စဉ့်ကူးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်း၊ မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးမင်းသန့်နှင့်ဝန်ထမ်းများ အင်းသားကြီးများတက်ရောက်၍ ၃လက္မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၂)သိန်းအား ဧရာဝတီမြစ်အတွင်းနှင့် စဉ့်ကူးမြို့နယ်ရှိ ခူလယ်အင်းနှင့် မောင်းမကန်အင်းများအတွင်း ငါးမြစ်ချင်းကောင်ရေ ငါးသောင်းအား စုပေါင်းငါးမျိုး စိုက်ထည့် ခဲ့ကြောင်း သိရသည်။