Skip to main content
x

ချောင်းမငယ်ရေလှောင်တမံဧရိယာ (Agroecological Project) သီးနှံသစ်တော ရောနှောစိုက်ခင်း ထူထောင်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းသားများ လက်တွေ့ ကွင်းဆင်းမှုနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

ချောင်းမငယ်ရေလှောင်တမံဧရိယာ၊ သီးနှံသစ်တော ရောနှောစိုက်ခင်း ထူထောင်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းသားများ လက်တွေ့ကွင်းဆင်းမှုနှင့် သင်တန်း ဆင်းပွဲအခမ်းအနားကို (၄-၁၀-၂၀၂၁)ရက်၊ နံနက် (၉) နာရီတွင် ကျောက်တစ်လုံးကျောင်းစု ရွာမ ကျေးရွာ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက် ဆိုင်ရာဌာနခွဲမှ အရာထမ်းများ၊ ပြည်ထောင်စုနယ်မြေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရာ ထမ်းများ၊ ခရိုင်/မြို့နယ်ဦးစီးဌာနမှူးများ၊ ရွာသစ်ကျေးရွာ၊ မဒေါ့ပင်ကျေးရွာ၊ ပန်းညိုစမ်းကျေး ရွာ၊ ဂုဏ်မင်းမြောင်ကျေးရွာ၊ မရိုးအင်းကျေးရွာများမှ မွေးမြူသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ စုစုပေါင်း(၃၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ချောင်းမငယ်ရေလှောင်တမံဧရိယာ၏ ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းသည် အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်သော စနစ်တကျ မွေးမြူရေးလုပ်ငန်းဖြစ်ပြီး  ဈေးကွက်ဝင် အော်ဂဲနစ် အသား၊ ဉများ ရရှိရေး မျှော်မှန်းဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဧရိယာရှိ အခြားမြို့နယ်များတွင်လည်း ချောင်းမငယ်ရေလှောင်တမံဧရိယာ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်မှုကို နမူနာယူ၍ ဒေသ ကြက်နှင့်ဘဲ မွေးမြူရေးကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းပါကြောင်း၊ မိမိတို့ဌာနမှ ကူညီပံ့ပိုး နိုင်သည့် ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီး လယ်ဝေး မြို့နယ်ဦးစီးမှူးက ဒေသကြက်မွေးမြူရေးနှင့် ဘဲမွေးမြူရေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကွင်းဆင်းအဖွဲ့သည် မွေးမြူရေးခြံများ၏ အားနည်းချက်များ၊ အားသာချက် များအပေါ် သုံးသပ်အဖြေရှာ၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်သည့် ဒေသ ကြက်ခြံများ တိုးချဲ့မွေးမြူစေရေး၊ ရွာလုံးကျွတ် ကြက်လည်လိမ်ရောဂါကာကွယ်ဆေး I2 မျက်စဉ်း ခတ်လုပ်ငန်းဆောင်ရွက်ရေး၊ Antibiotic Free & Organic ကြက်သားနှင့်ကြက်ဥအဖြစ် ဌာနမှ Certificate ထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ရေး၊ ကျေးရွာရှိ CAHW များအား မေထုန်မဲ့သားစပ် ခြင်းဆိုင်ရာ သင်တန်းပေးနိုင်ရေး ဆောင်ရွက်ရန်၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စစ်တမ်းကောက်ယူနိုင်ရေး ဆောင်ရွက်ရန်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ များနှင့် ညှိနှိုင်း၍ ရောဂါထိန်းချုပ်ဧရိယာ (ဝက်ဝမ်းကျရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ခွာနာလျှာနာရောဂါ)များ တည်ထောင်နိုင်ရေး ဆောင်ရွက်ရန်တို့ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။