Skip to main content
x

ITနည်းပညာသုံး Microchip Ear Tag ဖြင့် တိရစ္ဆာန်များအား မှတ်ပုံတင်ခြင်းလုပ်ငန်း ဆိုင်ရာ ဆရာဖြစ်သင်တန်းကျင်းပခြင်း

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ITနည်းပညာသုံး Microchip Ear Tag ဖြင့်  တိရစ္ဆာန် များအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ ဆရာဖြစ်သင်တန်းကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၅-၁၀-၂၀၂၁)ရက်မှ (၂၇-၁၀-၂၀၂၁)ရက်အထိ ကျင်းပဆောင် ရွက်ခဲ့ပါ သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနခွဲမှ အရာထမ်းများ၊ ITနည်းပညာဆိုင်ရာ ပညာရှင်များ၊ Microchip Ear Tag တင်ဒါအောင်မြင်သည့် Fortune International Co.,Ltd. နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရာထမ်းဝန်ထမ်း သင်တန်းသား (၁၅)ဦး တက် ရောက်ခဲ့ကြ ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ITနည်းပညာကိုအခြေခံသည့် Microchip Ear Tag ဖြင့် တိရစ္ဆာန်များအား မှတ်ပုံတင်ခြင်းလုပ်ငန်းကို ခေတ်စနစ်နှင့်လိုက်လျောညီထွေစွာ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ နိုင်ငံတော်၏ စီးပွားရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ စီမံခန့်ခွဲရေးရာကိစ္စအဝဝ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ် လျက်ရှိသော တိရစ္ဆာန်ကောင်ရေ ကိန်းဂဏန်းရရှိရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ယနေ့ခေတ်မှာ လူ့စွမ်းအားအရင်းအမြစ် (Human Resource) ကို လူ၏ ဗဟုသုတအသိပညာ (Knowledge)၊ ကျွမ်းကျင်မှု အတတ်ပညာ (Skill)၊ သမ္ဘာ (Expertise)တို့ဖြင့် တိုင်းတာသတ်မှတ်လာကြောင်း၊ မိမိတို့ဌာနအဖွဲ့အစည်းတွင် လေ့လာဆည်းပူးသူ၊ တီထွင်ဆန်းသစ် မှုရှိသူ (Knowledge Creating Enterprise) များဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအောင်မြင်စေရန်အတွက် ယနေ့ခေတ်၏ ပြောင်းလဲလာသော နည်းပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့် လေ့လာဆည်းပူး တတ်မြောက်၊ ကျွမ်းကျင်ထားရန်လိုအပ်ပါကြောင်း       သင်တန်းသားများ အနေ ဖြင့်  ITနည်းပညာဆိုင်ရာ နည်းပညာများနှင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရာတွင် လိုအပ်မည့် လုပ်ငန်းစဉ်များအား ကျွမ်းကျင်စွာတက်မြောက်စေရေး ဂရုတစိုက် သင်ယူကြပါရန်နှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များ၌ ITနည်းပညာဆိုင်ရာ Microchip Ear Tag တပ်ဆင်ခြင်း၊ Application အသုံးပြုခြင်းများအား ထပ်ဆင့်သင်ကြားပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် ITနည်းပညာရှင်များက Microchip Ear Tag တပ်ဆင်ခြင်းလုပ်ငန်းနှင့် Application အသုံးပြုနည်းလမ်းများအား သင်ကြားပို့ချခဲ့ပြီး GAHP အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် နေပြည်တော်နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံတွင် လက်တွေ့ ဆောင်ရွက်ခဲ့ကြပါသည်။ လက်တွေ့ဆောင်ရွက်ခြင်း အတွေ့အကြုံအပေါ် သင်တန်းသားများက IT နည်းပညာ၏ စိန်ခေါ်မှုများဖြေရှင်းနိုင်ရေးနှင့် ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် IT နည်းပညာရှင်များနှင့် ဆွေးနွေးခဲ့ကြပါကြောင်း သိရှိရပါသည်။