Skip to main content
x

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု(၁)နှစ်သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

စက်မှုလယ်ယာဦးစီးဌာနသည် လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ခြင်းနှင့်မောင်းနှင် ထိန်းသိမ်းမှုလုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် စက်မှုလယ်ယာ သင်တန်းကျောင်း(အထက်မြန်မာပြည်)၊ မိတ္ထီလာမြို့တွင် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု (၁)နှစ်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့၏ ညှိနှိုင်းဆွေးနွေးပွဲကို စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်-၅၀ အစည်းအဝေးခန်းမ၌ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)မှ တက်ရောက်လမ်းညွှန် ဆွေးနွေးခဲ့ပြီး သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ဝင်များဖြစ်သော စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(စီမံကိန်းဌာနခွဲ)နှင့် ရုံးချုပ်မှ အရာထမ်းများ၊  စက်မှုလယ်ယာ သင်တန်းကျောင်း (အထက်မြန်မာပြည်)မိတ္ထီလာမြို့၊ စက်မှုလယ်ယာသင်တန်းကျောင်း (အောက်မြန်မာပြည်) ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်းကျောင်း ရေဆင်း-နေပြည်တော်တို့မှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်နှင့် အရာထမ်းများတက်ရောက်ဆွေးနွေးကြပါသည်။ သင်ကြားမည့်ဘာသာရပ်များ ပြဋ္ဌာန်း၍ သင်ရိုးညွှန်းတမ်းများရေးဆွဲရေး၊ ဘာသာရပ်အလိုက် အချိန်ဇယားသတ်မှတ်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေးကြ၍ ဤဆွေးနွေးပွဲကို (၃)ရက်ကြာပြုလုပ်မည်ဖြစ်ပါသည်။