စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အတွင်း
ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေမှ အောက်ပါပစ္စည်းများကို မြန်မာ ကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ( Open Tender)
ခေါ်ဆို ဝယ်ယူလိုပါသည်။
(က) ဓါတ်ခွဲခန်းသုံးပစ္စည်းများ (၁၂) မျိုး
(ခ) လုပ်ငန်းသုံးပစ္စည်း ( ၁) မျိုး
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ( ၁၂-၁၁ - ၂၀၁၈) မှ ( ၄- ၁၂ -၂၀၁၈) ရက်နေ့အထိ ရုံးချိန်အတွင်း ငါးလုပ်ငန်းဦးစီးဌာန၊
ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အိတ်ဖွင့်တင်ဒါများကို ( ၆- ၁၂-၂၀၁၈)ရက်၊
ကြာသာပတေးနေ့ နံနက်(၁၀:၀၀)နာရီတွင် ဖွင့်ဖောက်မည် ဖြစ်ပါသည်။
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ငါးလုပ်ငန်းဦးစီးဌာန၊
ရုံးအမှတ်(၃၆)၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇ -၃- ၄၁၈၅၃၁
ဖုန်း ၀၉၈၉၈၁၃၆၉၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ