Skip to main content
x

ဝန်ဆောင်မှုခေါင်းစဉ်

ကုန်ကြမ်းပေး ကုန်ချောယူစနစ် (CMP)ဖြင့် ပြည်ပမှ ဘဲမွေး၊ ငန်းမွေး သို့မဟုတ်

တိရစ္ဆာန်ထွက်ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်း

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

(က)   ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။

 () တင်သွင်းမည့်ပစ္စည်းတွင် ရောဂါကင်းရှင်းကြောင်း ကြိုတင်စစ်ဆေးမှုခံယူနိုင်ရန် ကိုယ်စားပြုနမူနာပစ္စည်းအား နိုင်ငံတကာအသိအမှတ်ပြု ကုန်ပို့စနစ် (DHL/ EMS) ဖြင့် ဓာတ်ခွဲခန်းသို့ ပေးပို့၍ ကြိုတင်စစ်ဆေးမှု ခံယူရမည်။

ဝန်ဆောင်ခ

ဘဲမွေး

-

တစ်မက်ထရစ်တန်လျှင် ၁၅၀၀၀ကျပ် နှုန်းကောက်ခံပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)

ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန် ချက်၊

(ခ)

ကုန်ပစ္စည်းအမှာလွှာ(Proforma Invoice)

(ဂ)

အရောင်းအဝယ် သဘောတူစာချုပ်(Sales contract) မိတ္တူ၊

(ဃ)

ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်(Veterinary Authority)က ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်၊

(င)

ဦးစီးဌာန၏ ဓာတ်ခွဲခန်းအဖြေ မူရင်း၊

(စ)

သွင်းကုန်လိုင်စင်မူရင်းနှင့် မိတ္တူ။

လျှောက်ထားရန်အဆင့်များ

(က)

ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊

(ခ)

တင်သွင်းပစ္စည်းများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး () ရက်ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊

(ဂ)

စစ်ဆေးရေးစခန်းသို့ တင်သွင်းပစ္စည်းများရောက်ရှိချိန်တွင် ဦးစီးဌာန၏ စစ်ဆေး မှုကိုခံယူခြင်း၊ ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် လက်မှတ်ပေးအပ်ခြင်းနှင့် ဓာတ်ခွဲခန်းနမူနာပစ္စည်း ကောက်ယူမှု ကို ခံယူခြင်း၊

(ဃ)

မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)]တွင် ဝင်ရောက်လျှောက်ထားခြင်း၊

(င)

ဦးစီးဌာန၏ ဓာတ်ခွဲခန်းအဖြေဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူခြင်း။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။