ဝန်ဆောင်မှုခေါင်းစဉ် |
ကုန်ကြမ်းပေး ကုန်ချောယူစနစ် (CMP)ဖြင့် ပြည်ပမှ ဘဲမွေး၊ ငန်းမွေး သို့မဟုတ် တိရစ္ဆာန်ထွက်ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်း |
|||
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ |
(က) ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။ |
|||
(ခ) တင်သွင်းမည့်ပစ္စည်းတွင် ရောဂါကင်းရှင်းကြောင်း ကြိုတင်စစ်ဆေးမှုခံယူနိုင်ရန် ကိုယ်စားပြုနမူနာပစ္စည်းအား နိုင်ငံတကာအသိအမှတ်ပြု ကုန်ပို့စနစ် (DHL/ EMS) ဖြင့် ဓာတ်ခွဲခန်းသို့ ပေးပို့၍ ကြိုတင်စစ်ဆေးမှု ခံယူရမည်။ |
||||
ဝန်ဆောင်ခ |
ဘဲမွေး |
- |
တစ်မက်ထရစ်တန်လျှင် ၁၅၀၀၀ကျပ် နှုန်းကောက်ခံပါသည်။ |
|
လိုအပ်သောစာရွက်စာတမ်းများ |
(က) |
ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန် ချက်၊ |
||
(ခ) |
ကုန်ပစ္စည်းအမှာလွှာ(Proforma Invoice)၊ |
|||
(ဂ) |
အရောင်းအဝယ် သဘောတူစာချုပ်(Sales contract) မိတ္တူ၊ |
|||
(ဃ) |
ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်(Veterinary Authority)က ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်၊ |
|||
(င) |
ဦးစီးဌာန၏ ဓာတ်ခွဲခန်းအဖြေ မူရင်း၊ |
|||
(စ) |
သွင်းကုန်လိုင်စင်မူရင်းနှင့် မိတ္တူ။ |
|||
လျှောက်ထားရန်အဆင့်များ |
(က) |
ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊ |
||
(ခ) |
တင်သွင်းပစ္စည်းများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက်ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊ |
|||
(ဂ) |
စစ်ဆေးရေးစခန်းသို့ တင်သွင်းပစ္စည်းများရောက်ရှိချိန်တွင် ဦးစီးဌာန၏ စစ်ဆေး မှုကိုခံယူခြင်း၊ ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် လက်မှတ်ပေးအပ်ခြင်းနှင့် ဓာတ်ခွဲခန်းနမူနာပစ္စည်း ကောက်ယူမှု ကို ခံယူခြင်း၊ |
|||
(ဃ) |
မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)]တွင် ဝင်ရောက်လျှောက်ထားခြင်း၊ |
|||
(င) |
ဦးစီးဌာန၏ ဓာတ်ခွဲခန်းအဖြေဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူခြင်း။ |
|||
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈ |
|||
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ |