ဝန်ဆောင်မှုခေါင်းစဉ် |
ပြည်ပမှ တိရစ္ဆာန်အစာတင်သွင်းခွင့်လျှောက်ထားခြင်း |
|||
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ |
(က) ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။ |
|||
(ခ) တင်သွင်းမည့်နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည် အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory)နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းနှင့် အရည်အသွေး ပြည့်မီ ကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက်အဖြေရရှိမှသာ လျှောက်ထားရပါမည်။ |
||||
ဝန်ဆောင်ခ |
တိရစ္တာန်အစာ |
- |
သတ်မှတ်ထားသောဓာတ်ခွဲခန်းစစ်ဆေးခများပေးဆောင်ရမည်ဖြစ်ပါသည်။ |
|
လိုအပ်သောစာရွက်စာတမ်းများ |
(က) |
ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊ |
||
(ခ) |
ကုန်ပစ္စည်းအမှာလွှာ(Proforma Invoice)၊ |
|||
(ဂ) |
အရောင်းအဝယ် သဘောတူစာချုပ်(Sales contract) မိတ္တူ၊ |
|||
(ဃ) |
အရည်အသွေး စစ်ဆေးမှုဆိုင်ရာထောက်ခံချက် (Certificate of Analysis-CoA)၊ |
|||
(င) |
လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate)၊ |
|||
(စ) |
ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ထုတ်လုပ်သည့်စက်ရုံသည် HACCP or GMP Certificate သို့မဟုတ် ယင်းနှင့် အလားတူညီသော ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းမှုဆိုင်ရာ အထောက်အထား၊ |
|||
(ဆ) |
အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့်လိပ်စာ၊ |
|||
(ဇ) |
တိရစ္ဆာန်အရင်းအမြစ် (Animal Origin)မှ ထုတ်လုပ်ထားသော မွေးမြူရေး အစာ/ အစာကုန်ကြမ်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကုဆရာဝန် (Veterinary Authority)က ထုတ်ပေးသော တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ်၊ |
|||
(ဈ) |
တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာနက ထုတ်ပေးသော သက်တမ်းရှိ ဓာတ်ခွဲအဖြေ မိတ္တူ။ |
|||
လျှောက်ထားရန်အဆင့်များ |
(က) |
ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊ |
||
(ခ) |
တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory) နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးမှု ခံယူခြင်း၊ |
|||
(ဂ) |
တင်သွင်းမည့် တိရစ္ဆာန်အစာများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃)ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရမည်။ |
|||
(ဃ) |
စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်အစာများ ရောက်ရှိချိန်တွင် ပေးပို့နမူနာပစ္စည်းနှင့် ကိုက်ညီမှု ရှိ မရှိ မျက်မြင်စစ်ဆေးမှုခံယူခြင်း၊ အရည်အသွေးစစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA) စစ်ဆေးမှုခံယူခြင်း၊ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာထောက်ခံချက်လက်မှတ် စစ်ဆေးမှု ခံယူခြင်း၊ အခြားသက်ဆိုင်ရာ အထောက်အထားများစစ်ဆေးမှုခံယူခြင်းနှင့် နမူနာရယူ၍ လိုအပ်ပါက ဓာတ်ခွဲခန်း တွင် စစ်ဆေးမှုခံယူခြင်း တို့ဆောင်ရွက်ရမည်။ |
|||
(င) |
မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားရမည်။ |
|||
|
(စ) |
တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက်စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူရမည်။ |
||
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈ |
|||
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ |