| 
			 ဝန်ဆောင်မှုခေါင်းစဉ်  | 
			
			 ပြည်ပမှ တိရစ္ဆာန်သုံးဆေးဝါး၊ တိရစ္ဆာန်သုံးပစ္စည်းနှင့် တင်သွင်း ခွင့်လျှောက်ထားခြင်း  | 
		|||
| 
			 ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ  | 
			
			 (က) ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။  | 
		|||
| 
			 (ခ) တင်သွင်းမည့်နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည် အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory)သို့ ပေးပို့ စစ်ဆေးခြင်းနှင့် အရည်အသွေးပြည့်မီကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက်အဖြေ ရရှိမှသာ လျှောက်ထား ခွင့်ပြုမည်ဖြစ်ပါသည်။  | 
		||||
| 
			 (ဂ) စစ်ဆေးရန်ကြိုတင်ပေးပို့ထားသည့် နမူနာဆေးဝါးနှင့် အမှန်တကယ်တင်သွင်း ရောက်ရှိသည့် ဆေးဝါးများသည် စံချိန်စံညွှန်းကိုက်ညီမှုရှိရမည်။ တိရစ္ဆာန်သုံးပစ္စည်းတင်သွင်းခြင်းဖြစ်ပါက တင်သွင်းရန် လျှောက်ထားသည့်ပစ္စည်းနှင့် အမှန်တကယ်တင်သွင်းရောက်ရှိ သည့်ပစ္စည်းများသည် အမျိုးအစားနှင့် အရေအတွက် ကိုက်ညီမှုရှိရမည်။  | 
		||||
| 
			 ဝန်ဆောင်ခ  | 
			
			 တိရစ္တာန်သုံးဆေးဝါး ဓာတ်ခွဲခန်းသုံး ပစ္စည်းများ  | 
			
			 -  | 
			
			 သတ်မှတ်ထားသော ဓာတ်ခွဲခန်းစစ်ဆေးခများပေးဆောင်ရမည် ဖြစ်ပါသည်။  | 
		|
| 
			 လိုအပ်သောစာရွက်စာတမ်းများ  | 
			
			 (က)  | 
			
			 ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်၊  | 
		||
| 
			 (ခ)  | 
			
			 ကုန်ပစ္စည်းအမှာလွှာ(Proforma Invoice)၊  | 
		|||
| 
			 (ဂ)  | 
			
			 အရောင်းအဝယ် သဘောတူစာချုပ်(Sales contract) မိတ္တူ၊  | 
		|||
| 
			 (ဃ)  | 
			
			 ကာကွယ်ဆေးများ၏ Catalogue၊  | 
		|||
| 
			 (င)  | 
			
			 အရည်အသွေး စစ်ဆေးမှုဆိုင်ရာထောက်ခံချက် (Certificate of Analysis-CoA)၊  | 
		|||
| 
			 (စ)  | 
			
			 လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate)၊  | 
		|||
| 
			 (ဆ)  | 
			
			 ကုန်ပစ္စည်းရောင်းချသည့်နိုင်ငံ၏ထုတ်လုပ်သည့်စက်ရုံသည် HACCP or GMP Certificate သို့မဟုတ် ယင်းနှင့် အလားတူညီသော ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းမှု ဆိုင်ရာ အထောက်အထား၊  | 
		|||
| 
			 (ဇ)  | 
			
			 အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့်လိပ်စာ၊  | 
		|||
| 
			 (ဈ)  | 
			
			 တင်သွင်းမည့် ဆေးဝါး၏ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာန၏ သက်တမ်းရှိ ဓာတ်ခွဲခန်း အဖြေမိတ္တူ။  | 
		|||
| 
			 လျှောက်ထားရန်အဆင့်များ  | 
			
			 (က)  | 
			
			 ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊  | 
		||
| 
			 (ခ)  | 
			
			 တင်သွင်းမည့် တိရစ္ဆာန်သုံးဆေးဝါးများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊  | 
		|||
| 
			    | 
			
			 စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်သုံးဆေးဝါးများ ရောက်ရှိချိန်တွင် မျက်မြင်စစ်ဆေးမှု ခံယူခြင်း၊ အရည်အသွေးစစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (certificate of analysis) မူရင်းကို စစ်ဆေးမှုခံယူခြင်းနှင့် အခြားသက်ဆိုင်ရာ အထောက်အထားများ စစ်ဆေးမှု ခံယူခြင်း၊  | 
		|||
| 
			 (ဂ)  | 
			
			 တိရစ္ဆာန်သုံးဆေးဝါးဖြစ်ပါက စစ်ဆေးရေးစခန်းသို့ တင်သွင်းပစ္စည်းများ ရောက်ရှိချိန် တွင် လျှောက်ထားပစ္စည်း နှင့် ရောက်ရှိလာသည့်ပစ္စည်း ကိုက်ညီမှု ရှိ မရှိ မျက်မြင် စစ်ဆေးမှုခံယူခြင်းနှင့် အခြား သက်ဆိုင်ရာအထောက်အထားများ စစ်ဆေးမှု ခံယူခြင်းတို့ကို ဆောင်ရွက် ရမည်။  | 
		|||
| 
			 (ဃ)  | 
			
			 မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားခြင်း၊  | 
		|||
| 
			 (င)  | 
			
			 တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက်စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူခြင်း။  | 
		|||
| 
			 ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ  | 
			
			 ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈  | 
		|||
| 
			 ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ  | 
			
			 ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။  | 
		|||
