Skip to main content
x

1st Steering Committee Meeting of Denmark-Myanmar Sustainable Coastal Fisheries holds

နေပြည်တော် မေ ၂၃

ဒိန်းမတ်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့စေမည့် ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၀) အား ရခိုင်ပြည်နယ်နှင့်

တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့အကြား စီမံခန့်ခွဲမှု

သဘောတူချက်ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီးစီမံကိန်းလုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်

ဦးဆောင်ကော်မတီတစ်ရပ် အား ဖွဲ့စည်းခဲ့သည်။

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့စေမည့် ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်းဦးဆောင်ကော်မတီအစည်းအဝေးအား ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် စိုက်ပျိုးရေး၊

မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဌ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ဦးဆောင်ကော်မတီ

တွဲဖက်ဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ် H.E Peter Lysholt Hansen၊ ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး

ချုပ် ဦးခင်မောင်မော်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်

နယ်အစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဒေသခံရေလုပ်သား များတက်‌ရောက်ကြသည်။

‌          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဌအမြဲတမ်းအတွင်းဝန်ကပြောကြားရာတွင် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ရခိုင်နှင့်တနင်္သာရီဒေသများရှိ ကမ်းနီးရေ

လုပ်သားများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် သယံဇာတရေရှည်တည်တံ့ရေးဆိုင်ရာ ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်းကို Denmark-

Myanmar Country Programme တွင် ဖော်ပြပါရှိသည့် “အများပါဝင်သော ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးမှု” ခေါင်းစဉ်အရ ပူးပေါင်းဆောင်ရွက်

သွားမည်ဖြစ်ကြောင်း၊

တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်ခရိုင်အတွင်းမှ (၂) ရွာ နှင့် ထားဝယ်ခရိုင်အတွင်းမှ(၃)ရွာအားလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် စစ်တွေခရိုင်အတွင်းမှ (၂)ရွာ၊

မောင်တောခရိုင်အတွင်းမှ(၁)ရွာနှင့် ကျောက်ဖြူခရိုင်အတွင်းမှ(၁)ရွာအား လည်းကောင်း ရှေ့ပြေးအဖြစ် ရွေးချယ်၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်

ရှိကြောင်းပြောကြားသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီတွဲဖက်ဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီးက ရေရှည် တည်တံ့စေမည့် ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း ဆောင်ရွက်

မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် ဦးစီးဌာနတာဝန်ရှိသူတို့မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်

ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးကြသည်။

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဆိုပါစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ကမ်းရိုးတန်းနေ ကမ်းနီးငါးဖမ်း‌‌ရေလုပ်

သားများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး သဘာဝသယံဇာတ အရင်းအမြစ်များအပေါ်မှီခိုနေသော အသက်မွေးဝမ်းကြောင်းမှုလုံခြုံရေးနှင့် ငါးသယံ ဇာတများအား

ဒေသခံရေလုပ်သားများကိုယ်တိုင် ပူးပေါင်းစီမံခန့်ခွဲသော စွမ်းရည်မြင့်မားလာမည့် ရလဒ်များကို ရရှိစေမည်ဖြစ်သည်။