Skip to main content
x

ဟားခါးမြို့၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ငါးမွေးမြူရေးလုပ်ငန်းအပေါ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ငါးမွေးမြူသူ များအား အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းကဏ္ဍအပေါ် သက် ရောက်နိုင်မှုများနှင့်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးအေးနိုင်က အယ်လ်နီညို ဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန်မြင့်မားသည့် ကာလများ ဖြစ်သော ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင် ကြသည့်  ဒေသခံပြည်သူများကြုံတွေ့ရမည့်အခြေအနေများကို ကြိုတင်ပြင်ဆင်ထားရှိရန် အယ်လ်နီ ညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် လုပ်ဆောင်ရမည့်လုပ်ငန်းများကိုလည်းကောင်း ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် ငါးမွေးမြူ တောင်သူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ငါးမွေးတောင်သူ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။