Skip to main content
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာနမှ

အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း

ကြော်ငြာ

၁။     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် အသုံးပြုရန် အတွက်  အောက်ပါပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါများကို တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က)    ဓါတ်ခွဲခန်းသုံးပစ္စည်း                               (၂၁)မျိုး

(ခ)     စက်နှင့်စက်ကိရိယာပစ္စည်း                       (၁၅)မျိုး

(ဂ)     ရုံးသုံးစက်ကိရိယာပစ္စည်း                            (၄)မျိုး

(ဃ)    ရုံးသုံးပရိဘောဂပစ္စည်း                               (၈)မျိုး

၂။       အိတ်ဖွင့်တင်ဒါများ ဖွင့်လှစ်ခြင်းကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်-

(က)    တင်ဒါပုံစံရောင်းချမည့်နေ့ရက်                   - (၂၅-၄-၂၀၂၃ )မှ (၉-၅-၂၀၂၃)ထိ

(ခ)     တင်ဒါနောက်ဆုံးလက်ခံမည့်နေ့ရက်၊အချိန် - (၁၂-၅-၂၀၂၃ )(၁၅:၃၀)နာရီ

(ဂ)     တင်ဒါဖွင့်ဖောက်မည့်နေ့ရက်၊အချိန်            - (၁၆-၅- ၂၀၂၃  )(၁၀:၀၀)နာရီ

(ဃ)    တင်ဒါဖွင့်ဖောက်လက်ခံမည့်နေရာ            - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း

ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊

                                                                                ရုံးအမှတ်(၃၆)၊ နေပြည်တော်

၃။      ပစ္စည်းများ၏ အဆိုပြုလွှာပုံစံများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးအမှတ်(၃၆)တွင် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃-၄၁၈၅၃၁ သို့ စုံစမ်းမေးမြန်းနိုင်ပါ သည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ငါးလုပ်ငန်းဦးစီးဌာန