Skip to main content
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁။      မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ပထမအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူ ဝယ်ယူမည့် တိရစ္ဆာန်အစာ နွားစာနု-စပ်စာ(တန်)နှင့် တိရစ္ဆာန်သုံးဆေးဝါး(၁၃)မျိုးတွဲပါကင်များငွေလုံးငွေရင်း(အခြား)ခွင့်ပြု ရန်ပုံငွေခေါင်းစဉ်အောက်မှ ကျွဲ၊ နွားများအမှတ်အသားပြုခြင်းလုပ်ငန်းအတွက်  Micro Chip Ear Tag များ၊ ကျွဲ၊ နွားခွာနာလျှာနာကာကွယ်ဆေး(FMD)(Trivalent) (၁)မျိုး၊ ခွေးရူးရောဂါ ကာကွယ်ဆေး“Rabies Vaccine” (၁)မျိုးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာ(၁၆)မျိုးတို့အား ဝယ်ယူရန် အတွက် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ဒုတိယအကြိမ် ကြေညာအပ် ပါသည်။

၂။       ဈေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ဖြည့်တင်းရေးနှင့်သိုလှောင်ရေးဌာနစိတ်၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် (၂၁-၄-၂၀၂၃) ရက်မှ စ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၅-၅-၂၀၂၃) ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1% P.O Cheque လက်ခံမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်ကို အချိန်မီ အကြောင်းကြားသွားမည် ဖြစ်ပါ သည်။ အသေးစိတ်သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၀၈၁၇၇ နှင့် ၀၉-၇၇၃၄၇၇၈၈၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန