Skip to main content
x

ဘဲသားပေါက်များ ဝယ်ယူရရှိနိုင်ကြောင်း အသိပေးခြင်း

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဘဲသားပေါက်များ ဝယ်ယူရရှိနိုင်ကြောင်း အသိပေးခြင်း

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနပိုင် ဘဲမွေးမြူရေးခြံများမှ မွေးမြူသူများကို အကောင်းဆုံးပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ မိဘမျိုးရိုးကောင်းမွန်သော ဥစားဘဲ (ကာကီကင်ဘယ်လ်)၊ အသားတိုးဘဲ (ချယ်ရီဘယ်ရီ) ဘဲပေါက် Day Old Duck (DOD) များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွား မည်ဖြစ်ပြီး နေပြည်တော် ဘဲမျိုး ဖြန့်ဖြူးရေးနှင့် သရုပ်ပြခြံ (ရွှေမြို့)တွင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ရောင်းချမည်ဖြစ်ရာ မှာယူမွေးမြူလိုသူများ/ အဖွဲ့အစည်းများအနေဖြင့် (၁)လ ကြိုတင်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်ရန်

ဒေါက်တာရဲနန္ဒ (ခြံတာဝန်ခံ၊ နေပြည်တော်ဘဲမွေးမြူရေးခြံ)  - ၀၉ ၄၀၁၆၁၇၀၃၅

          ဒေါ်သီတာဝေ (ခြံတာဝန်ခံ၊ ရွာသာကြီးဘဲမွေးမြူရေးခြံ)        - ၀၉ ၇၉၆၉၃၄၁၉၅

          ဒေါက်တာသိန်းဇော် (ခြံတာဝန်ခံ၊ ဘုရားကြီးဘဲမွေးမြူရေးခြံ) - ၀၉ ၄၃၀၄၃၁၅၂

ကာကီကင်ဘယ်လ်ဘဲ

အင်္ဂလန်နိုင်ငံမျိုးဖြစ်ပြီး ဥစံချိန်အလွန်ကောင်းသော ဘဲမျိုးဖြစ်ပြီး အကောင်လည်း ပိုကြီးသည်။ (၁၉၇၀-၁၉၈၀)ခုနှစ်တွင် မြန်မာပြည်တွင် အမြောက်အမြား မွေးမြူခဲ့သည်။

ဦးခေါင်း               -    နှုတ်သီးသည် ကြီး၍ဖြောင့်တန်း၊ နှုတ်သီးမှာ အစိမ်းရင့် (သို့မဟုတ်) အနက်ရောင်ရှိသည်။

ကိုယ်ထည်          -    အထက်အောက် အနည်းငယ်ပြားပြီး လက်ပြင်ရိုးသည် မြီးညောင့်ရိုး ထက်မြင့်သည်။

မျက်လုံး              -    တောက်ပြောင်ဝိုင်းစက်သည်။

အရောင်အသွေး    -    ဦးခေါင်း၊ လည်ပင်း၊ အမြီး၊ အတောင်များမှာ ခပ်စိမ်းစိမ်းနှင့် ညိုညို၊ ကိုယ်ပိုင်းမှာ ကာကီရောင်ဖြစ်ပြီး ဘဲမများမှ တစ်ကိုယ်လုံး ကာကီ ရောင်အမွေးများဖြင့် ဖုံးထားသည်။

ဥစံချိန်                 -    တစ်နှစ်လျင် ပျမ်းမျှ (၃၀၀)လုံးခန့် အုပါသည်။

ကိုယ်အလေးချိန်  -    အထီး တစ်ပိဿာငါးဆယ်၊ အမတစ်ပိဿာ အစိတ်သားခန့် အလေး ချိန်ရှိသည်။

ချယ်ရီဘယ်ရီဘဲ

         အင်္ဂလိပ်ဘဲမျိုးဖြစ်၍ မူလစတင်မွေးမြူသည့်ဒေသကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။

ကိုယ်ထည်          -    ကိုယ်ထည်ရှည်ပြီး ကျယ်ပြန့်သည်။ အမြီးတို၍ သန်မာသော အမြီး အတောင်များရှိသည်။ ခြေထောက်များတိုသော်လည်း အထူးသန်မာ ကြသည်။ အရိုးကြီးသဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ကောင်းစွာထိန်း နိုင်သည်။

မျက်လုံး              -    တောက်ပြောင်ဝိုင်းစက်သည်။

အရောင်အသွေး    -    အဖြူရောင်ရှိသည်။

ဥစံချိန်                 -    အသားတိုးနှုန်းကောင်းပြီး ဥစံချိန် အသင့်အတင့်သာရှိသည်။ ချယ်ရီ ဘယ်ရီဘဲများသည် ဇန်နဝါရီလမှစ၍ ဇွန်၊ ဇူလိုင်လအထိ ဥ အုတတ် သည်။ ထိုကာလအတွင်း အမွှေးအတောင်ချတတ်သဖြင့် ဂရုစိုက်မွေး ရန်လိုသည်။ ဤဘဲမျိုးသည် ဘဲထီးနှစ်ကောင်မျှနှင့် ဘဲမ (၁၀)ကောင် မှ (၁၂)ကောင်အထိ လွှတ်ပေးထားနိုင်သည်။ ချယ်ရီဘယ်ရီ ဘဲမများ သည် (၂၄)ပါတ်သားတွင် စတင် ဥ အုပြီး (၆၅)ပါတ်သားအထိ ဥလုံး ရေ (၂၃၀)လုံး အုကြောင်း တွေ့ရှိရသည်။

ကိုယ်အလေးချိန်  -    (၄၅)ရက်သားတွင် ကိုယ်အလေးချိန် (၂)ပိဿာခန့်ရှိသည်။ ကြီးထွား နှုန်းညီသည်။