Skip to main content
x

ငါးလုပ်ငန်းဦးစီးဌာန

Expression of Interest (EOI) အဆိုပြုလွှာဖိတ်ခေါ်ခြင်း

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အအေးခန်းမြေ(၃.၄၅)ဧကအား စီးပွားရေးအရအကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် B.O.T စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ စိတ်ပါ ဝင်စားမှုဖော်ပြချက် Expression of Interest (EOI) အဆိုပြုလွှာများ ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အဆိုပြုလွှာပုံစံအား (၁၇-၂- ၂၀၂၂) ရက်နေ့မှ (၁၈-၃ - ၂၀၂၂) ရက်နေ့အထိ ရုံးချိန်အတွင်း စီမံရေးရာဌာနစုတွင် အခမဲ့လာရောက်ထုတ်ယူနိုင်ပြီး အဆိုပြုလွှာများကို (၂၃-၃-၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်နောက်ဆုံးထား၍ ရုံးအမှတ်(၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု သို့တင်ပြရပါမည်။ (သတ်မှတ်အချိန်ထက်နောက်ကျတင်ပြသည့် အဆိုပြုလွှာများကို လက်ခံမည် မဟုတ်ပါ။)

၃။      လုပ်ငန်းရှင်/ကုမ္ပဏီများမှပေးပို့လာသည့် (EOI) အဆိုပြုလွှာများအပေါ် အခြေခံ၍ ဒုတိယ အဆင့်လုပ်ငန်းအလိုက် Open Tender ထပ်မံခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းအသိပေး အပ်ပါသည်။

၄။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇၃ -၄၀၈၄၇၄၊ ၀၆၇၃ - ၄၁၈၅၃၁ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။