Skip to main content
x

ချင်းပြည်နယ် ရိဒ်ရေကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

နေပြည်တော် မေ ၁၀

ချင်းပြည်နယ်ငါလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်းများအတွင်း ငါးသယံဇာတများပေါများစေရန်နှင့် အများပြည်သူများ ငါးရိက္ခာများပိုမို စားသုံးနိုင်ရေးကို ရည်ရွယ်၍ ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါဒါရ် မြို့နယ် အတွင်းရှိ ရိဒ်ရေကန်အတွင်းသို့ ယမန်နေ့က ခိုင်ကမ်းငါးလုပ်ငန်းစခန်းမှ ၂ လက်မ အရွယ် ရွှေဝါငါးကြင်း သား ပေါက်ကောင်ရေ(၈၀၀၀၀)နှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၂၀၀၀၀) စုစုပေါင်းကောင်ရေ (၁၀၀,၀၀၀) အား မျိုးစိုက်ထည့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ငါးလုပ်ငန်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးဇော်လွင်ဝင်းနှင့်ဝန်ထမ်းများ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဉက္ကဋ္ဌ ဉီးချင်းလှအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တွဲဖက်ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတက်ရောက်ပြီး  ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။