Skip to main content
x

အင်းတကော်မြို့ ရွှေပြည်(၃)ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင် ရန်ရည်ရွယ်၍ (၁၅.၆.၂၀၂၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ ရွှေပြည်(၃)ရေလှောင်တမံနေရာတွင် ဆည်အတွင်းငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ သည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်၊ ခရိုင်/ မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပဲခူးခရိုင်ငါးလုပ် ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ပဲခူးငါးလုပ်ငန်းစခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ၊ သနပ်ပင် ငါးလုပ်ငန်းစခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ၊ အင်းတကော်မြို့အုပ်ချုပ်ရေးမှူးတို့ တက်ရောက် ခဲ့ကြပြီး၊ ရွှေပြည်(၃)ရေလှောင် တမံအတွင်းသို့ ပဲခူးငါးလုပ်ငန်းစခန်းမှ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ(၁၀၀၀၀၀)၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)နှင့် သနပ်ပင် ငါးလုပ်ငန်းစခန်းမှ ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ(၁၀၀၀၀၀)၊ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၁၀၀၀၀၀) စုစုပေါင်းငါးသားပေါက်ကောင်ရေ (၄၀၀၀၀၀)ကောင်အား ငါးမျိုးစိုက်ထည့် ခဲ့ကြောင်း သိရသည်။