Skip to main content
x

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၅)

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများ နှင့် ဆုချီးမြှင့်ပွဲများကို ဇန်နဝါရီလ(၄)ရက်နေ့က နေပြည်တော် ရုံးအမှတ်(၁၅) ၊ ရုံးအမှတ်(၄၃) နှင့် စိုက်ပျိုးရေး သိပ္ပံကျောင်း (ပျဉ်းမနား) တို့၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ ဌာနတာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ က ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြသည်။

အားကစားပြိုင်ပွဲများတွင် ဖူဆယ်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ၊ အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး စားပွဲတင်တန်းနစ်ပြိုင်၊ အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့် အမျိုးသမီး ထုပ်စည်းတိုး ပြိုင်ပွဲများ စသည့် အားကစားနည်းများတွင် ဦးစီးဌာန နှင့် တက္ကသိုလ်များ အလိုက် ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။

နိုင်ငံ့ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေစေရေး၊ ကျန်းမာပျော်ရွှင်ရေး နှင့် ဝန်ထမ်းထုအကြား စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးပွားရေးအတွက် ရည်ရွယ် ၍ ဇန်နဝါရီလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပခဲ့သည့်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ဝန်ထမ်းမိသားစု အားကစား ပြိုင်ပွဲများ ၌ အားကစားနည်းများအလိုက် ဆုရခဲ့ကြသည့် အားကစားဝါသနာရှင်များကို ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။