Skip to main content
x

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

၁။        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် မန္တလေး အစာစပ်စက်ရုံ (၂၈.၄၂)ဧကအတွင်းရှိ အောက်ဖော်ပြပါမြေနှင့် အဆောက်အဦ စက်ပစ္စည်းများအား နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် တိရစ္ဆာန်အစာထုတ်လုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ နှစ်ရှည် ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်-

စဉ်

ခြံ/စက်ရုံအမည်

ဧက

ငှားရမ်းဆောင်ရွက်မည့်လုပ်ငန်း

မွေးမြူရေးခြံပိုင်း ဧရိယာအပိုင်း() မြေနှင့် မြေပေါ်ရှိ၊ အဆောက်အဦ၊ စက်ပစ္စည်းများ

၂၃.၆၇

စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်း များ၊ တိရစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်းများ

၂။         တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် တစ်စောင်လျှင် (၁ဝဝဝဝိ/-)ကျပ်ဖြင့် ရုံးပိတ်ရက် မှအပ ရုံးချိန်အတွင်း လာရောက်ဝယ်ယူရရှိ နိုင်ပါကြောင်း ကြော်ငြာအပ်ပါသည်။

၃။        တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၂-၂-၂၀၂၄)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြ ရမည်။

၄။        အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန