Skip to main content
x

စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၇

            ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန်၊ အိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန်နှင့်  အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ “စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ သင်တန်းခန်းမ၌ ယမန်နေ့ နေ့လည် (၁:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ် တက်ရောက်၍ သင်တန်းဖွင့် အမှာ စကားပြောကြားခဲ့ပါသည်။

            Covid-19 ကပ်ရောဂါကြောင့် ပြည်သူများ၏ စီးပွားရေးထိခိုက်မှုများကို ပြန်လည် ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့ဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်ရန် အတွက် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပါသည်။

            အခမဲ့ ဖွင့်လှစ်ပေးခဲ့သည့် “စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသသင်တန်း”သို့ သင်တန်းသား၊ သင်တန်းသူ(၂၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၇)ရက် ကြာမြင့်မည်ဖြစ်ပါသည်။ သင်တန်းတွင် Bakery အမျိုးအစားဖြစ်သည့် Chiffon Cake၊ Donut၊ ကွတ်ကီး၊ ကိတ်ခြောက်၊ လျှာပေါ်ဝဲ၊ အီကလဲရားပြုလုပ်ခြင်းနှင့် Snack အမျိုးအစားဖြစ်သည့် အာလူးကြော်၊ ငါးမုန့်ကြော်၊ ပဲစာကလေးခွေကြော်၊ မြေပဲအကြွပ်ကြော်၊ တို့ဟူးခြောက်ပြုလုပ်ခြင်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

            သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။