Skip to main content
x

ပြည်ပအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ပြည်ပအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲအတွေ့အကြုံများ ဆွေးနွေးဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် “(၂၆) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တိရစ္ဆာန်ခွာနာ လျှာနာရောဂါဆိုင်ရာ အမျိုးသားညှိနှိုင်းရေးမှူးများ အစည်းအဝေး၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် “(၃၂)ကြိမ်မြောက် အာရှပစိဖိတ်ဒေသအတွင်းရှိ ရေနေသတ္တဝါ မွေးမြူရေးကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အုပ်ချုပ်မှုကောင်စီအစည်းအဝေး၊ ဩစတြီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် “အာဖရိကနှင့် အာရှနိုင်ငံများရှိ အမျိုးသားအဆင့် တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းများမှ ညွှန်ကြားရေးမှူးများ၏ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများ ကွန်ရက်ညှိနှိုင်းအစည်းအဝေး၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် “အရှေ့တောင်အာရှ ငါးလုပ်ငန်းစာရင်းအင်းနှင့် သတင်းအချက်အလက်များဆိုင်ရာ တတိယအကြိမ်မြောက် ဒေသတွင်းနည်းပညာဆွေးနွေးပွဲ၊ တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် “အာရှနှင့် ပစိဖိတ်ဒေသရှိ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲနှင့် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် “ငါးလင်ပန်းမျိုးစိတ် အရည်ကြည်သားလောင်းများ အကဲဖြတ်ခွဲခြမ်း စိတ်ဖြာခြင်းဆိုင်ရာ ဒေသတွင်းလမ်းညွှန်ချက်ဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲများမှ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေမည့် အချက်များကို ကောက်နုတ်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။