Skip to main content
x

ကြာအင်းဆိပ်ကြီးမြို့ ဇမိမြစ်အတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း မျိုးစိုက်ထည့်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် (၁၇.၆.၂၀၂၁)ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ကြာအင်းဆိပ်ကြီးမြို့၊ ကမ်းနားဆိပ်၌ ဇမိမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့တပ်နယ်စစ်ဗျူဟာ(အခြေချ)မှ  ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးဟန်နှင့်အဖွဲ့ဝင်များ၊ ကော့ကရိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစောဖွန်စမိုက်နှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက် ထည့်ခြင်းကြီးကြပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက် ရောက်ခဲ့ကြပြီး  ဇမိမြစ်အတွင်းသို့ ကျုံဒိုးငါးလုပ်ငန်းစခန်းမှ (၂)လက်မအောက်ခံအရွယ် ငါးခုံးမ ကြီးကောင်ရေ (၁၀၀၀၀၀)အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။