Skip to main content
x

သံတွဲမြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

သံတွဲ ဇွန် ၁၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သမဝါယမအသင်းစု၏၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇွန်လပထမပတ်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ် သမဝါယမအသင်းစုမှအမှုဆောင်များ၊ အခြေခံသမဝါယမအသင်း (၈၁) သင်းမှ အသင်းဝင်ကိုယ်စားလှယ်(၆၃)ဦး တက်ရောက်ကြပြီး သဘာပတိ မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးစန်းဖေ၊ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်အေးရီမှ အမှာစကားပြောကြားခြင်း၊ အမှုဆောင်အဖွဲ့အစီရင်ခံစာကို အသင်းအမှုဆောင် ဦးသန်းထွန်းက ဖတ်ကြားခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်ဘဏ္ဍာရေးအစီရင်ခံစာကို မြို့နယ် သမဝါယမအသင်းစု စာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးစံအောင်မှ ဖတ်ကြားခြင်း၊ အသင်း စာရင်းစစ်အဖွဲ့အစီရင်ခံစာကို အသင်းသားစာရင်းစစ်အဖွဲ့ဝင် ဦးမြင့်ဦးမှ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး ၎င်းအစီရင်ခံစာများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသင်းဝင်ကိုယ်စားလှယ်များ ၏ သဘောတူညီချက်နှင့်အညီ ဆုံးဖြတ်ချက်များရယူခဲ့ပြီး EXIM Bank ချေးငွေပေးဆပ်မူတွင် အကောင်းဆုံးဆုရရှိသော အခြေခံသမဝါယမအသင်း(၂)သင်းကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။