Skip to main content
x

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်စာမေးပွဲများ ကျင်းပ

နေပြည်တော် မတ် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကိုဒုတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသားကျောင်းသူ ၃၂၃ ဦးက စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

အလားတူ ဒုတိယဝန်ကြီးအဖွဲ့သည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်အတန်းတင်စာမေးပွဲများကို ကျောင်းသားကျောင်းသူစုစုပေါင်း ၉၄၄ ဦးက စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကြသည်။

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် မွေးမြူရေးပညာသင်တန်းမှ ကျောင်းသား ကျောင်းသူများသည် ပျားမွေးမြူရေးပညာရပ် သင်ကြားရာတွင်စာတွေ့၊ လက်တွေ့နှိုင်းယှဉ် လေ့လာနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ရှိ နေကြာစိုက်ခင်းများတွင် ဝတ်ရည်စုပျားတို့၏ ဝတ်မှုန်ကူးခြင်း၊ ပျားအုံအတွင်းပျားသားလောင်းများ ပေါက်ပွားမှု၊ ပျားစာဝတ်ရည်နှင့်ဝတ်မှုန်များကို စနစ်တကျထားသိုတတ်သည့် လုပ်သားပျားတို့၏ သဘာဝတို့ကို စာတွေ့လက်တွေ့ လေ့လာခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့်ပညာရေးဗဟိုဌာန (Advanced Center for Agricul-tural Research and Education-ACARE) တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သုတေသနတာဝန်ခံများနှင့်တွေ့ဆုံ၍ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်ရာပြည့်နှစ်မှစတင်၍ ဘွဲ့လွန်သင်တန်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးမြှင့်တင်ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်ဝသော ပညာရှင်များမွေးထုတ်ပေးနိုင်ရေး၊ သုတေသနဆောင်ရွက်ချက်များပါဝင်သည့် အဆင့်မြင့်စိုက်ပျိုးရေးပညာများ သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီးဘေးကင်းလုံခြုံသော ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ပညာရှင်များအပိုင်းက ကြိုပမ်းရေးနှင့်နိုင်ငံတော်၏စားသုံးဆီဖူလုံ ပိုလျှံရေးကြိုးပမ်းမှုကို အထောက်အကူဖြစ်စေမည့် သုတေသနများ အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရပြီးပါက နိုင်ငံအတွက်လိုအပ်လျက်ရှိသော စိုက်ပျိုးစီးပွားရေးကိုအခြေခံသည့် MSME လုပ်ငန်းများကို လုပ်ကိုင်လာကြစေရန်၊ စိုက်ပျိုးရေးတက္ကသိုလ်၏ အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန၏ သုတေသနနှင့်စီမံခန့်ခွဲမှုဌာနကို မိုလ်ဘိုင်းနည်းပညာ၊ ဝက်ဘ်ကွန်ရက်နည်းပညာဖြင့် တောင်သူလယ်သမားများ၊ သုတေသီများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူလုပ်ငန်း ရှင်များအားအွန်လိုင်းဖြင့်နည်းပညာပေး လုပ်ငန်းများကို တီထွင်လုပ်ကိုင်ပညာပေးရန်၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာနတွင် ဆီထွက်သီးနှံများ၏ ဆီကြိတ်ဖတ်အမျိုးမျိုး၌ ဆီကျန်မှု ရာခိုင်နှုန်းအား ဓာတ်ခွဲစမ်းသပ်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆင်းရွှေကြာ (၂) နေကြာမျိုးအား မျိုးမြှင့်တင်ခြင်း သုတေသနဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်ပင်မစာကြည့်တိုက်တွင် အပင်မျိုးမွေးမြူရေးဆိုင်ရာ စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။