Skip to main content
x

သာယာဝတီမြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ်အတွင်း ရှိ ငါးမွေးမြူသူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး အစားအစာဘေးကင်းလုံခြုံစေရေးနှင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(Good Aquaculture Practice-GAqP)သင်တန်း အား(၁၆.၆.၂၀၂၁)ရက်နေ့က သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးတွင် ဖွင့်လှစ်ခဲ့သည်။ 
အဆိုပါသင်တန်းတွင် သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းမှ သင်တန်းဖွင့် အမှာစကားပြောကြားပြီး မင်းလှမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဖြိုးဝေလင်းမှ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP)စနစ်နှင့်အညီ ငါးမွေးမြူရာတွင်လိုက်နာရမည့် အခြေခံမူ (၄)ရပ် တို့ကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ငါးမွေးတောင်သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်၊ သင်တန်းသို့ သာယာဝတီမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊  စိတ်ပါဝင်စားသူများ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။