Skip to main content
x

ရော်ဘာ၊ ကော်ဖီတွဲဖက်စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး အားပေးကူညီ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၆/၄ ရှိ Three Red Star ကုမ္ပဏီလီမိတက်၏ ရော်ဘာခြံနှင့် ရော်ဘာ၊ ကော်ဖီတွဲဖက်စိုက်ပျိုးရေးခြံကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက ရော်ဘာ ဧက ၁၀၀၀ စိုက်ပျိုးထားရှိမှုနှင့် မြေပြန့်ကော်ဖီမျိုး ၁၆၅ ဧက တွဲဖက်စိုက်ပျိုးထားရှိမှု၊ ကော်ဖီအသီး စတင်ဆွတ်ခူးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးမှာကြား

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မေးမြန်းဆွေးနွေးပြီး အခြေအနေပေးသည့် ရော်ဘာခြံများအနေဖြင့် ကော်ဖီစိုက်ပျိုးလိုပါက လက်တွဲခေါ်ယူအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ကော်ဖီစေ့ကုန်ကြမ်းများများရပါကတန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်တင်ပို့နိုင်မည့် ဈေးကွက်ချဲ့ထွင်ခြင်းကို ဆောင်ရွက်စေလိုကြောင်း၊ နည်းပညာနှင့် လိုအပ်ချက်များရှိပါက ဌာနက ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရော်ဘာခြံနှင့် ရော်ဘာ၊ ကော်ဖီတွဲဖက်စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။