Skip to main content
x

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့ဘဏ္ဍာ သိမ်းယူထိန်းသိမ်းထားသော (ငါးဖမ်း၊ ငါးသယ်ရေယာဉ်) ( ၆၇  )စီးအနက် ၅၁ စီးအား ၁ စီးချင်း ဖြင့်လည်းကောင်း ၁၆ စီးအား Lot 1, Lot 2, Lot3 ဖြင့်လည်းကောင်း မျက်မြင်အခြေအနေ အတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

၂။

လျှောက်လွှာနှင့်စည်းကမ်းချက်ပုံစံရောင်းချမည့် -

 

(က)

နေ့ရက်

-

(၁၀ -၁၀ -၂၀၂၄)ရက်မှ(၃၁-၁၀-၂၀၂၄)ရက်အထိ။

 

(ခ )

အချိန်

-

နေ့စဉ်ရုံးဖွင့်ချိန်များတွင် နံနက်(၀၉:၃၀) နာရီမှ (၁၅:၃၀)နာရီထိ။

 

(ဂ )

နေရာ

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ပဏ္ဍိတလမ်း၊ နေပြည်တော်။

၃။

ရေယာဉ်များ၏မျက်မြင် အခြေအနေအားကြည့်ရှု့ ရမည့် နေရာ

-

ဖျာပုံခရိုင်တွင် ၁၆ စီး၊ မြိတ်ခရိုင်၊ ကျွန်းစုတွင် ၂၅ စီး၊ ထားဝယ်ခရိုင်တွင် ၉ စီး၊ ဘုတ်ပြင်းခရိုင်တွင် ၅ စီး၊ ကော့သောင်းခရိုင်တွင် ၁၁ စီး နှင့် ပုသိမ်ခရိုင် ၁ စီး တို့အားသက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့သွားရောက် ဆက်သွယ်၍ ဆိုက်ကပ်ထားသော ရေယာဉ်များအား မျက်မြင်ကြည့်ရှု နိုင်ပါသည်။

၄။

လျှောက်လွှာ(၁)စောင်

-

(၅ဝဝဝိ/-)(ကျပ်ငါးထောင်)

၅။

လေလံရောင်းချရမည့်  နေ့ရက် 

-

(၇ -၁၁ -၂၀၂၄)ရက်နေ့ နံနက် (၁၀ : ၀၀ ) နာရီ

၆။

လေလံရောင်းချရမည့်  နေရာ  

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ပဏ္ဍိတလမ်း၊ နေပြည်တော်။

၇။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်

-

၀၆၇-၄၁၈၅၃၁,၀၆၇-၄၀၈၄၇၇

၈။      လေလံဆွဲသူသည် ဝယ်ယူမည့်ရေယာဉ်(၁)စီးချင်းအတွက် စဘော်ငွေအား နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် Payment Order Cheque(P.O)ဝယ်ယူ၍ လေလံပွဲမတိုင်မီ(၅-၁၁-၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍  လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ

(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ)