Skip to main content
x

ဝိုင်းမော်မြို့နယ် ဝါရှောင်ဆည်၊ နန့်လွန်းဆည်၊ နန့်မြင်းချောင်းနှင့် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ် ချောင်း အင်း အိုင် ဆည် တမံ ကန်များတွင် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှုတိုးတက်လာစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များဖွံ့ဖြိုးလာစေရေးတို့ကိုရည်ရွယ်၍ ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင်ဆည်အတွင်းသို့ ၂ လက်မ အရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၆ သောင်း၊ နန့်မြင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁ သိန်း၊ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁ သိန်း၊ နန့်လွန်းဆည်အတွင်းသို့ ငါးကောင်ရေ ၄ သောင်း၊ အောင်မြေ(၁)ဆည်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ ၅သောင်း၊ စုစုပေါင်း ၂လက်မ အရွယ် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၃ သိန်း ၅သောင်းအား  ၁၆.၈.၂၀၂၁ ရက်နေ့က မျိုးစိုက်ထည့်ခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်သည့်အခမ်းအနားသို့ မြစ်ကြီးနားခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းဟန်၊ ဝိုင်းမော်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်နိုင်ဦးနှင့် မြို့နယ်ငါးမျိုးစိုက် ထည့်ခြင်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ပြီး ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်းသိရ သည်။