Skip to main content
x

စျေးကွက်ဝင် အရည်အသွေးကောင်းKoMyPearl (ကိုမိုင်ပါးလ်)စပါးမျိုးသစ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးနှင့်အခြားနှံစားသီးနှံသုတေသနဌာနခွဲ၊ စပါးသီး နှံသုတေသနဗဟိုဌာနနှင့် ကိုရီးယားနိုင်ငံ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်ရေးဌာနတို့ (DAR-KOPIA(RDA))ပူးပေါင်း၍အရည်အသွေးကောင်းစပါးမျိုးသစ်များမွေးမြူရွေးချယ်ခြင်းသု  တေ သနမှ ရရှိလာသော မျိုးဖြစ်ပါသည်။ ရေမြေဒေသ အမျိုးမျိုး နှင့် သင့်တော်ပြီး ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သောအထွက်ကောင်းစပါးမျိုးသစ်များမွေးမြူထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ မိုးရာသီမှစတင်၍  ကိုးရီးယားစပါးမျိုး (Hanareum) စပါးမျိုးကိုအမမျိုး၊ မြန်မာ အရည်အသွေးကောင်း စပါးပေါ်ဆန်းဘေးကြား ကိုအဖိုမျိုးအဖြစ် ထားရှိကာမျိုး ကူးစပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

ကိုးရီးယားစပါးမျိုး Hanareumစပါးမျိုးသည် Japonica စပါးမျိုးဖြစ်ပြီးပင်စည် တောင့်တင်းခိုင်မာခြင်း၊ မြန်မာ့ရေမြေဒေသတွင် အပင်ကောင်းမွန်စွာဖြစ်ထွန်းနိုင်ခြင်းတို့ကြောင့် အမမျိုးအဖြစ် အသုံးပြုခဲ့ပါသည်။ အဖိုမျိုးအဖြစ်အသုံးပြုခဲ့သောပေါ်ဆန်းဘေးကြားစပါးမျိုးသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအရည်အသွေးကောင်း စပါးမျိုးဖြစ်ပြီး အနံ့မွှေးအ  ရည်အသွေးကောင်း စပါးမျိုးလည်းဖြစ်ပါသည်။ သို့သော်လည်း ၄င်းစပါးမျိုးသည် ရာသီစပါးမျိုးဖြစ်ပြီးနိုဝင်ဘာလတွင် ပန်းပွင့်လေ့ရှိသောကြောင့် တစ်နှစ်တွင် တစ်သီးသာ စိုက်ပျိုးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဒေသမရွေး၊ ရာသီမရွေးစိုက်ပျိုးဖြစ်ထွန်းနိုင်ပြီးစားသုံးမှုအရည်အသွေးကောင်းမွန်သောအထွက်ကောင်းစပါးမျိုးသစ်ရရှိရန်အတွက် သုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။၂၀၁၆ ခုနှစ်၊ နွေရာသီမှ စတင်၍ မျိုးရိုးစဉ်ဆက်မှတ်တမ်းထားရွေးချယ်ခြင်း(Pedigree selection) နည်းဖြင့် ရွေးချယ်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ နွေရာသီတွင် ဗီဇငြိမ်လိုင်းများရွေးချယ်ရရှိခဲ့ပြီးအထွက်ယှဉ်ပြိုင်ကွက်များကို ၂၀၁၈ မိုးရာသီမှ စတင်ဆောင်ရွက်စမ်းသပ်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ်တွင် မျိုးစေ့ကျွမ်းကျင်မှုကော်မတီ၏ အတည်ပြုချက်ကိုရရှိထားသောမျိုးတစ်မျိုးလည်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် တောင်သူအဆင့် အထွက်ယှဉ်ပြိုင်ခြင်းကိုရေဆင်း၊ ကျောက်ဆည်၊ ကျောက်တံတား၊ လက်ပံတန်း၊ သဲကုန်း၊တာယော၊ မိုးညှင်း၊ မြောင်းမြနှင့်လွိုင်ကော် စိုက်ပျိုးရေး သုတေသနခြံများ တွင်စံထားမျိုး ပေါ်ဆန်းဘေးကြားမျိုးနှင့် ယှဉ်ပြိုင်စမ်းသပ်ခဲ့ရာဒေသအားလုံးတွင် စံထားမျိုး ထက်အထွက်သာ လွန်ပြီးပျမ်းမျှအထွက်နှုန်း (၁၁၉.၀)တင်းထွက်ရှိကြောင်းတွေ့ရပြီးဒေသကိုလိုက်၍စံထားမျိုးထက် (၇.၂-၂၀.၉%) သာလွန်ကြောင်းအသီးသီးတွေ့ရှိခဲ့ရပါသည်။ ၂၀၂၀ နွေရာသီတွင် အကွက်ကျယ် သရုပ်ပြစမ်းသပ်ခြင်းကိုရေဆင်း၊ ကျောက်တံတား၊ လွိုင်ကော်ဒေသများတွင် စံထားမျိုး (Hanareum) အသုံးပြု၍ ဆောင်ရွက်ခဲ့ရာဒေသအားလုံးတွင် စံထားမျိုးထက် သာလွန်ပြီး (၁၂၇.၃) တင်းအထိထွက် ရှိပြီးစံထားမျိုး ထက်(၁၀.၅%) သာလွန်ကြောင်း တွေ့ရှိခဲ့ရပါသည်။ KoMyPearl (ကိုမိုင်ပါးလ်)စပါးမျိုး၏ ထူးခြားကောင်းမွန်သော လက္ခဏာများ  မှာ ရာသီမရွေးစိုက်ပျိုးနိုင်ပြီးအမွှေးနံ့အသင့်အတင့်ပါဝင်ခြင်းအပြင် စားသုံးရာတွင် နူးညံ့ ပျော့ပျောင်းသော စပါးမျိုးဖြစ်ပါသည်။ သက်တမ်းအားဖြင့် (၁၂၅)ရက်ရှိပြီးအပင်မြင့်(၉၀ စင်တီမီတာ)၊ အနှံပါပင်ပွား(၁၃)၊ အနှံအရှည် (၂၂ စင်တီမီတာ)၊ တစ်နှံပါသီးလုံး (၁၅၀)၊ အောင်စေ့ရာခိုင်နှုန်း (၉၆.၅)၊ အစေ့၁၀၀၀ အလေးချိန် ( ၂၇.၆ ဂရမ်)ရှိပြီး၊ အထွက်နှုန်းမှာတစ်ဧကပျမ်းမျှ (၁၀၀-၁၂၀ တင်း)အထိထွက်ရှိနိုင်ပါသည်။ဆန်ထွက်ရာခိုင်နှုန်း (၅၈.၇) %၊ အမိုင်းလို့စ် ရာခိုင်နှုန်း( ၁၇.၀၈ %)၊ကော်ဓာတ်ပါဝင်မှု (၃၂.၆၇မီလီမီတာ)နှင့် အသင့်အတင့်ကျိုချက်ခံနိုင်ပြီးဆန်ရှည်ထွက်မှုအချိုး ၁.၇၅ ရှိပါသည်။ ငစိန်အုပ်စုဝင်စပါး ဖြစ်ပြီးဆန်စေ့အလျား ၅.၄ မီလီမီတာ၊ ဆန်စေ့အနံ ၂.၅ မီလီမီတာနှင့် အလျားအနံအချိုး ၂.၂ မီလီမီတာခန့်ရှိသော စပါးမျိုးဖြစ်ပါသည်။ ယင်း အရည်အသွေးကောင်းစပါးအား ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် နွေစပါး၊ မိုးစပါးအနေဖြင့် စိုက်ပျိုး ရန်သင့်တော်ပြီး မြန်မာနိုင်င ံအောက်ပိုင်းသီးထပ်ရင်၊ ရတနာတိုးစိုက်ပျိုးသောဒေသများ၊ မြန်မာနိုင်ငံအလယ်ပိုင်းသီးထပ်ရင်၊ ရတနာတိုးနှင့် ရက်၉၀ စိုက်ပျိုးသောဒေသများနှင့် ရွှေရင်အေးစိုက်ပျိုးသော အအေးပိုင်းဒေသ များတွင် အစားထိုးစိုက်ပျိုးနိုင်သောအမွှေးနံ့သင့်တင့်၍စားသုံးရာတွင် နူးညံ့ပျော့ပျောင်းပြီး စျေးကွက်ဝင်နိုင်သည့် စပါးမျိုး သစ်တစ်မျိုး ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်  ပါသည်။