Skip to main content
x

မျိုးစေ့ချ ကိရိယာဖြင့် မြေပဲသုတေသနပြု စိုက်ပျိုးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာ၊ တောင်သူ ဦးမောင်တူး၏ မြေကွက်၊ (ကျောက်စရစ်မြောက်)ကွင်းအမှတ် (၁၃၈)ရှိ မြေပဲစိုက်ဧရိယာ (၄)ဧကအား အမှတ်(၄၃)စက်မှုလယ်ယာစခန်း၊ မတ္တရာမြို့မှ ထွန်စက်ကြီးနှင့်တွဲဖက်သုံး မျိုးစေ့ချကိရိယာဖြင့်(၂)ဧက၊ တောင်သူသမားရိုးကျ လူ၊ နွား အင်အားဖြင့် (၂)ဧကကို (၂၂.၁၁.၂၀၂၁) ရက်နေ့တွင် သုတေသနပြု စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။