Skip to main content
x

ကောက်ရိုးထုံးစက်၊ ကောက်ရိုးဖြတ်စက်များဖြင့် ကောက်ရိုးထုံးခြင်း သရုပ်ပြပွဲပြုလုပ်ခြင်း

(၁၆.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှိ တောင်သူဦးကျော်မြင့်ဦးပိုင်လယ်(၂)ဧကပေါ်တွင် စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၈၄)စက်မှုလယ်ယာစခန်း၊ ပျဉ်းမနားမြို့မှ Square Baler ကောက်ရိုးထုံးစက်၊ Straw Reaper ကောက်ရိုးဖြတ်စက်များဖြင့် ကောက်ရိုးထုံးခြင်း၊ သရုပ်ပြပွဲကို ပြုလုပ်ရာတွင် တဲကြီးကုန်းကျေးရွာနှင့် အနီးဝန်းကျင်များမှ တောင်သူ(၂၁)ဦး တက်ရောက်ကြည့်ရှု လေ့လာကြပါသည်။ တက်ရောက်လာသော တောင်သူများအား စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးနိုင်ဝင်းနှင့် ဦးဇော်ခင်တို့မှ Square Baler ကောက်ရိုး ထုံးစက်၊ Straw Reaper ကောက်ရိုးဖြတ်စက်များဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အားသာချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပါသည်။ သရုပ်ပြပွဲအား နံနက်(၁၀:၃၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Straw Square Baler ကောက်ရိုးထုံးစက်၊ Reaper ကောက်ရိုးဖြတ်စက်များဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်သက်သာစေခြင်း၊ တိရစ္ဆာန် အစာရရှိစေခြင်း၊ ကောင်းမွန်စွာ သိုလှောင်ထားရှိနိုင်ခြင်း၊ ကောက်ရိုးများကို သေသပ်ကျစ်လစ်စေခြင်း၊ လယ်ယာလုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ရိတ်သိမ်းပြီး လယ်ကွင်းများကို သန့်ရှင်းစေပြီး နောက်စိုက်ပျိုးမည့် သီးနှံအတွက် ထွန်ယက်ရေး ဆောင်ရွက်ရန် လွယ်ကူစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်သဖြင့် လက်မှုလယ်ယာမှစက်မှုလယ်ယာကူးပြောင်းရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်မည် ဖြစ်ပါသည်။