Skip to main content
x

လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ တောင်သူလယ်သမားများအနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် လက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်ရာတွင် စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စက်ကိရိယာများ စနစ်တကျ ကြံ့ခိုင်မှု ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အမှတ်(၉)စက်မှုလယ်ယာစခန်း၊ ကျောင်းကုန်းမြို့တွင် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို တောင်သူသင်တန်းသား (၃၀)ဦးဖြင့် (၂၀-၁၂-၂၀၂၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ဦးစီးဌာနမှူး ဦးမင်းဇော်မှ သင်တန်းအား (၁၂)ရက်ပို့ချ သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ COVID-19 စည်းကမ်းချက်များနှင့်အညီ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာသူ သင်တန်းသားများမှတဆင့် မိမိသင်ကြားတတ်မြောက်မှုကို မိမိပတ်ဝန်းကျင်ကျေးရွာရှိ တောင်သူများအား တဆင့်ပြန်လည် သင်ကြားပေးခြင်းဖြင့် စက်ကိရိယာ များ ပျက်စီးမှုနည်းခြင်း၊ ရာသီချိန်တွင် စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ခြင်းစသည့် လက်ငင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားပါသည်။