Skip to main content
x

(၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရွှေတောကျေးရွာအုပ်စု၊ နတ်ကျွန်းကျေးရွာတွင် အမှတ်စဉ် (၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၁၇-၂-၂၀၂၂)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် သီရိမင်္ဂလာ ရွှေနတ်ကျွန်း တိုက်ကျောင်း၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဝန်ကြီးများ၊ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ပါသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး၊ ဦးခင်မောင်သန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်တွေ့သင်ကြားပြသမည့် စက်ကိရိယာများ အား ကြည့်ရှုအားပေး၍ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက်(၁၀:၀၀)အချိန်တွင် သင်တန်းဖွင့်ပွဲအခမ်းအနားမှ ပြန်လည် ထွက်ခွာသွားပါသည်။ သင်တန်းသို့ တောင်သူသင်တန်းသား(၃၀)ဦးတက်ရောက်၍ သင်တန်း ကာလမှာ (၁၇-၂-၂၀၂၂)ရက်နေ့မှ (၂၈-၂-၂၀၂၂)ရက်နေ့ထိဖြစ်ပြီး စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။